မြန်မာပြည်အနှံ့ ရှိနေကြသည့် ရဟန်းသံဃာများ အနေဖြင့် တတ်မြောက်ထားရှိပြီးသည့် အဆင့်များမှ ရှေ့တိုးတတ်မြောက်လာစေရန်နှင့် လူပုဂ္ဂိုလ်တို့အတွက် မြတ်ဗုဒ္ဓ၏ စစ်မှန်သောဓမ္မတို့ကို သေချာကျနစွာ နားလည်သဘောပေါက်ပြီး မိမိတို့၏စိတ်အစဉ်တွင် ဓမ္မအသိပညာများ၊ ကိန်းအောင် လိုက်နာကျင့်သုံး နေထိုင်ခြင်းဖြင့် လောကဓမ္မရေးရာ နှစ်ဖြာတို့တွင် ကောင်းကျိုးချမ်းသာများ ရရှိစေရန်ရည်သန်၍ ပညာဘူမိတက္ကသိုလ် သုတဓမ္မဝတီ (M.A) ဘွဲ့ အပ်နှင်းခြင်း အစီအစဉ်ကို ပြဌာန်းလိုက်သည်။
သုတေသနကျမ်း အခန်းများကို PDF ဖိုင်အဖြစ် download ရယူနိုင်ပါသည်။