ပညာဘူမိဆိုသည်မှာ ပညာရဲ့ ဖြစ်ပေါ်ရာနေရာ ပညာရဲ့ဖြစ်ပေါ်ရာဌာန ကို ပညာဘူမိ ဟုခေါ်တွင်သည်။ ဗုဒ္ဓမြတ်စွာဘုရား၏ အသိပညာများ ဖြစ်ပေါ်ခဲ့သော နေရာသည် ဗောဓိပင် ညောင်ပင်အောက်တွင် တရား ဓမ္မ ကျင့်ကြံပြီး ပညာဉာဏ် အလုံးစုံရရှိခဲ့ခြင်း ဖြစ်သည်။
Learn More
        
                လူတိုင်း မြတ်နိုးတန်ဘိုးထားရမည့်အရာသည် ကိုယ်ကျင့်သီလဖြစ်သည်၊
                သီလဟူသည် မပြောသင့်တာမပြောခြင်း၊ ပြောသင့်တာကိုသာပြောခြင်း၊
                မလုပ်သင့်တာမလုပ်ခြင်း၊ လုပ်သင့်တာကိုသာ လုပ်ခြင်းဖြစ်သည်။
                ကိုယ်ကျင့်တရားပြည့်စုံခြင်းဖြင့် အပြစ်ကင်းစင် ပျော်ရွှင်မှုကိုရယူပါ။
                ထို့နောက် ယုံကြည်ချက်သဒ္ဓါခိုင်မာအောင် ကြိုးစားပါ၊
                မြတ်ဗုဒ္ဓ၏ မြတ်နိုးဖွယ်ဂုဏ်တို့ကိုနှလုံးသွင်းဆင်ခြင်ပြီး
                သဒ္ဓါတရားဖြစ်ပွါးအောင်လုပ်ပါ။
                လူတိုင်း အပေါ်မေတ္တာထားနိုင်အောင် ကြိုးစားပါ၊
                မေတ္တာဘာဝနာဖြင့် မုန်းစိတ်ကိုဖယ်ရှားပါ။
                အသက်ထက်ဆုံးဓမ္မကိုသင်ယူပါ၊
                ဓမ္မအတိုင်း ကျင့်သုံးနေထိုင်ပါ၊
                ပညာသည် မြတ်နိုးထိုက်သောရတနာဖြစ်သည်။
                အရာရာမှာသတိမကွာနေထိုင်ပါ။
                သတိမကွာအသိပညာဖြင့် နေထိုင်မှသာအမှားကင်းမည်ဖြစ်သည်။
                ဘဝဟာတစ်ခဏသာ ဖြစ်တယ်ဆိုတာ မမေ့ပါနှင့်။
                ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ
 သဘာပတိဆရာတော်
 ပညာဘူမိတက္ကသိုလ်
            
        
                ပညာဘူမိတက္ကသိုလ် သဘာပတိဆရာတော်ဘုရား ၁၉၉၆ ခုနှစ် ဇူလိုင် လ ကတည်းကအင်္ဂလိပ်ဘာသာဖြင့် ရေးသားပြုစုထားရှိသည့် ပရမတ္ထဒီပနီ (PARAMATTHADIPANI) An Exposition Of The True Meaning ကျမ်းစာ လက်ရေးမူကို စာအုပ်အဖြစ် ပညာဘူမိတက္ကသိုလ်မှ ထွက်ရှိသည်။ ဤကျမ်းစာတွင် စာမျက်နှာ ၂၅၈ မျက်နှာပါဝင်ပြီး အခန်း ၄ ခန်းပါရှိသည်။ နောက်ထပ် အခန်း ၃ ခန်း ပါ ကျမ်းစာကို ဆက်လက်ထွက်ရှိမည်။
                ဤကျမ်းစာသည် ၁၈၉၇ ခုနှစ်ခန့်က လယ်တီဆရာတော်ဘုရား ရေးသားတော်မူခဲ့သည့် ပရမတ္ထဒီပနီကျမ်းစာကို အင်္ဂလိပ် ဘာသာသို့ တိုက်ရိုက် ပြန်ဆိုရေးသားပြုစုထားခြင်းဖြစ်သည်။
                ၁၉၂၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဂုဏ်ထူးဆောင် ပါဠိပါရဂူဘွဲ့က်ု (D.Litt) ကိုလယ်တီဆရာတော်ဘုရားကြီးထံသို့ဆပ်ကပ်ခြင်းပြုခဲ့သည်။ 
                အနုဂ္ဂဟအဖွဲ့
            
ပညာဘူမိတက္ကသုလ်စာကြည့်တိုက် အတွင်း ထားရှိသည့် ရှေးဟောင်းစာပေများ၊ပေမူများ၊ သမိုင်းစာအုပ်များ၊ အထွေထွေမှီငြမ်းစာအုပ်စာပေများ၊ ကျမ်းစာများ၊ပိဋကတ်စာပေများကို ပြည့်စုံစွာထားရှိသည်။
Learn Moreဗုဒ္ဓတရားတော်ကို အဓိက အခြေပြု၍ အကျိုးအကြောင်း ဆက်နွယ်မှု ရှိသည့် ပြည်တွင်းပြည်ပ မှ သုတေသန (Research) ပြုလုပ်လိုသူများ အတွက် research project များပူးပေါင်း ဆောင်ရွက်နိုင်သည်။
Learn More