၂၀၂၆ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂/၁၃/၁၄/၁၅ ရက်နေ့များတွင် ပညာဘူမိတက္ကသိုလ် ၌ ကျင်းပပြုလုပ်လျှက်ရှိသည့် တတိယ အကြိမ် သုတဓမ္မ ဒီပလိုမာ နှင့် ပထမ အကြိမ် သုတဓမ္မဂဝေသီ ဘွဲ့ အပ်နှင်းခြင်း အခမ်းအနား ၏ ပထမ နေ့နှင့် ဒုတိယနေ့ ဒီပလိုမာ ပေးအပ်ပွဲ အခမ်း အနား မှတ်တမ်းဓာတ်ပုံများကိုဖေါ်ပြအပ်ပါသည်။
အခမ်းအနားသို့အဓိပတိဆရာတော်ဘုရားကြီးကိုယ်တိုင် တက်ရောက်ခဲ့ပြီး ဩဝါဒအဆုံးအမများကို မိန့်ကြားခဲ့သည်။
အခမ်းအနားတက်ရောက်သူများနှင့် အတူလိုက်ပါလာသူ မိသားစု များဖြင့် အထူး စည်ကားခဲ့ပြီး သုတဓမ္မ ဒီပလိုမာ ရရှိသူ ၃၇၀၁ ဦးတို့အား ဒီပလိုမာ လက်မှတ် အပ်နှင်းခဲ့သည်။
ဖေဖေါ်ဝါရီ ၁၄/၁၅ ရက်နေ့များတွင် ပထမ အကြိမ် သုတဓမ္မဂဝေသီ ဘွဲ့ အပ်နှင်းခြင်း အခမ်းအနား ကို ဆက်လက်ကျင်းပမည်။






















































