University of Wisdom Land

News & Events

THE VOICE OF STUDENTS

လေ့လာသင်ယူသူတို့၏ အသံ
တက္ကသိုလ် သဘာပတိဆရာတော်ဘုရား ကိုယ်တော် တိုင် လမ်းညွှန်ချက်ဖြင့် ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ပညာဘူမိ တက္ကသိုလ် ဆိုင်ရာ လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများ၊ သုတဓမ္မစာမေးပွဲ များနှင့် စပ်လျဉ်း၍ စာဖြေသူများ၏ လေ့လာသိရှိသည်များ၊
🔹ဆရာတော်ဘုရားထံ လျှောက်ထားသည့် ဓမ္မဆိုင်ရာ အသိအမြင်များ၊ ပိုမို ကောင်းသည်ထက်ကောင်းအောင် တက္ကသိုလ် ဆိုင်ရာ အကြံပြုချက်များ အပြင်
🔹ဆရာတော်ဘုရား ဩဝါဒပေးထားသည့် တက္ကသိုလ် ဆိုင်ရာ အဆုံးအမများ လမ်းညွှန်ချက်များ ရည်ရွယ်ချက်များကို စုံလင်စွာဖြင့် စုစည်း၍ တစုတစည်းထဲ မှတ်တမ်း အဖြစ် ဖတ်ရှူနိုင်ကြစေရန် ကို ပြုစုထားရှိသည့် The Voice Of Students (လေ့လာသင်ယူသူတို့၏ အသံ) Electronic Book အား ရယူနိုင်ပါသည်။
🔹စာအုပ် Download Link https://www.universitywisdomland.edu.mm/
🔹https://www.drnandamalabhivamsa.com.mm/…/the-voice-of…/
🔹ပညာဘူမိ တက္ကသိုလ် ကနေတဆင့် ဓမ္မပညာ ကို လေ့လာဆည်းပူး ခြင်း လိုက်နာကျင့်သုံးခြင်း လောကဓမ္မ နှစ်ဖြာ တို့တွင် အကျိုးရှိစွာ ဆောင်ရွက် ကြသူတို့၏ အသံတွေ ဖြစ်တယ် ပညာဘူမိရဲ့ true voices တွေ ပဲ ဟု ဆရာတော်ဘုရား ကြီးက မိန့်တော်မူသည်။
ဆရာတော်ဘုရား ရေးသားပေးသည် အဖွင့် အမှာစကားမှာ
🔹🔹🔹
သဘာပတိဆရာတော်ကြီး၏ ဩဝါဒ
——————————————
လူတိုင်း မြတ်နိုးတန်ဘိုးထားရ
မည့် အရာသည် ကိုယ်ကျင့်သီလ
ဖြစ်သည်၊ သီလဟူသည် မပြော
သင့်တာ မပြောခြင်း၊ ပြောသင့်
တာကိုသာ ပြောခြင်း၊ မလုပ်
သင့်တာ မလုပ်ခြင်း၊ လုပ်သင့်
တာကိုသာ လုပ်ခြင်းဖြစ်သည်။
ကိုယ်ကျင့်တရားပြည့်စုံခြင်း
ဖြင့် အပြစ်ကင်းစင် ပျော်ရွှင်
မှုကို ရယူပါ။
ထို့နောက် ယုံကြည်ချက်သဒ္ဓါ
ခိုင်မာအောင်ကြိုးစားပါ၊
မြတ်ဗုဒ္ဓ၏ မြတ်နိုးဖွယ်ဂုဏ်
တို့ကို နှလုံးသွင်းဆင်ခြင်ပြီး
သဒ္ဓါတရား ဖြစ်ပွါးအောင်
လုပ်ပါ။
လူတိုင်းအပေါ် မေတ္တာထားနိုင်
အောင် ကြိုးစားပါ၊ မေတ္တာ
ဘာဝနာဖြင့် မုန်းစိတ်ကို ဖယ်
ရှားပါ။
အသက်ထက်ဆုံး ဓမ္မကိူ သင်
ယူပါ၊ဓမ္မအတိုင်း ကျင့်သုံး
နေထိုင်ပါ၊
ပညာသည် မြတ်နိုးထိုက်သော
ရတနာ ဖြစ်သည်။
အရာရာမှာသတိမကွာ
နေထိုင်ပါ။ သတိမကွာ
အသိပညာဖြင့် နေထိုင်မှသာ
အမှားကင်းမည်ဖြစ်သည်။
ဘဝဟာ တစ်ခဏသာ
ဖြစ်တယ်ဆိုတာ မမေ့ပါနှင့်။
သဘာပတိဆရာတော်
ပညာဘူမိတက်ကသိုလျ

Related News