University of Wisdom Land

News & Events

တတိယ အကြိမ် သုတဓမ္မ ဒီပလိုမာ နှင့် ပထမ အကြိမ် သုတဓမ္မဂဝေသီ ဘွဲ့ အပ်နှင်းခြင်း အခမ်းအနား ပြင်ဆင်ဆောင်ရွက်နေမှုများ

၂၀၂၆ ဖေဖေါ်ဝါရီလ ၁၂/၁၃/၁၄/၁၅ ရက်နေ့များတွင် ပညာဘူမိတက္ကသိုလ် ၌ ကျင်းပပြုလုပ်မည့် တတိယ အကြိမ် သုတဓမ္မ ဒီပလိုမာ နှင့် ပထမ အကြိမ် သုတဓမ္မဂဝေသီ ဘွဲ့ အပ်နှင်းခြင်း အခမ်းအနား ကျင်းပရန် နီးကပ်လာသည့်နှင့် အမျှ တက္ကသ်ိုလ် အနုဂ္ဂဟ အဖွဲ့ ဝင်များ နှင့် Volunteer များမှ ကျင်းပမည့် အခမ်းအနား ရက်များ အတွက် စနစ်တကျ ရှိရှိ အစစအရာရာ အဆင်သင့်ဖြစ်စေရန် ပြင်ဆင်ဆောင်ရွက်နေမှုများ နှင့် ဒီပလိုမာ/ဘွဲ့ ရယူမည့်သူများ၏ ပုံရိပ်များ စကားသံများကို မျှဝေနိုင်ရန် မြန်နှုန်းမြင့် fiber အင်တာနက် ဆက်သွယ်ရေး ကွန်ယက်များ တပ်ဆင်ပြီးစီးသည့် ဓာတ်ပုံများ ကိုဖေါ်ပြအပ်ပါသည်။

ပညာဘူမိတက္ကသိုလ် မှ သုတဓမ္မဒီပလိုမာ အတွက် တတိယအကြိမ် မြောက် ဒီပလိုမာလက်မှတ် ကို (၃၇၀၁) ဦးအား အပ်နှင်းမည်ဖြစ်ပြီး…သုတဓမ္မစာမေးပွဲ BA Part (3) ပြီးစီးသူ (၂၁၁၅) ဦး တို့ အတွက် သုတဓမ္မဂဝေသီ ဘွဲ့ ကို တက္ကသိုလ်မှ ပထမဆုံးအကြိမ် အပ်နှင်းမည် ဖြစ်ပါသည်။

“တက္ကသိုလ် အဓိပတိ ဆရာတော်ဘုရားကြီး မှ ပညာဘူမိတက္ကသိုလ် အနေနဲ့ ဘုန်းဘုန်းတို့ မှတ်တိုင်တစ်ခု ကို ရောက် ပြီလို့ ဆိုနိုင်တယ်”ဟု မိန့်ကြား ထားရှိသည့် အခမ်းအနား မှတ်တိုင်တစ်ခုဖြစ်သည်။

Related News