ဆရာတော်ဘုရားကြီး မှ စာဖြေသူများလျှောက်တင်လာသည့် ဘဝ အမြင် များ တရားအသိများ
ကို သေချာစွာသိမ်းဆည်းရန် အလျဉ်းသင့်လျှင် မှတ်တမ်း စာအုပ် ဒုတိယအကြိမ်ထုတ်ဝေသည့် အခါထည့်သွင်းရန် တက္ကသိုလ်မော်ကွန်းထိန်းအား မှာကြားထားရှိသည်။ ယခုဖေါ်ပြသည့် feedback စာတစ်စောင်ကိုပင်လျှင် ဆရာတော်ဘုရားမှ သေချာ စွာ လက်ရောက် လွှဲ အပ်ပြီး မှတ်တမ်းထားရှိရန် မိန့်ကြားထားရှိပါကြောင်း၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှုထက် တရားဓမ္မကို ကိုးကွယ်ဆည်းကပ် လိုက်နာ ကျင့်သုံးတာကိုပိုမိုတန်ဖိုးထား မြတ်နိုးသည့် ဆရာတော်ဘုရား ကြီး စိတ်ဆန္ဒကို သိရှိကြစေရန် ဖေါ်ပြအပ်ပါသည်။
သုတဓမ္မစာဖြေသူများ၏ feedback များကိုစနစ်တကျထိန်းသိမ်းနိုင်ရန် ရေးသားပေးပို့နိုင်သည့် အောက်ပါ Link မှ တဆင့်ပေးပို့ စေလိုပါသည်။ Google Survey Form Link http://qr.codes/UpL9Fq
⭐️⭐️⭐️⭐️⭐️⭐️
သုတဓမ္မစာဖြေသူ တစ်ဦး မှ သုတဓမ္မ တွင်ပြဌာန်း ထားသည့် ပြဌာန်း စာအုပ် များကိုလေ့လာ သင်ယူ ရင်း တိုးတက်ပြောင်းလဲ လာသည့် ဘဝ အမြင် များ ဖယ်ရှားရမည့် စိတ် အညစ်အကြေးများကို တိတိကျကျ သိရှိလာပြီး ဖယ်ရှားရန် ကြိုးစားရမည့် နည်းစနစ်များနှင့် လက်တွေ့ကြိုးစားနေမှုများ၊ မေတ္တာသုတ်ကို အနက် အဓိပ္ပါယ် သိရှိလာသည့် အတွက် လေးနက်သည့် တရားဓမ္မများကိုနှလုံးသွင်း ဆင်ခြင်နိုင်သည်များ၊ မိမိစိတ်ကို mental checkup ပြုလုပ်တတ်လာပြီး ဒေါသစရိုက်ဆိုးကို နှိမ်နင်းနေသည်များ နှင့် အမြစ်တွယ်နေသည့် အကုသိုလ်တရားများကို လျော့ကျအောင်ဆောင်ရွက်နေသည့် အချက်များကို ဆရာတော်ဘုရားထံ ရေးသားပေးပို့လာသည့် feedback စာ အား မှတ်တမ်း အဖြစ် ဖေါ်ပြအပ်ပါသည်။

