University of Wisdom Land

News & Events

သုတဓမ္မစာမေးပွဲ BA Part – 3 ကို ဖြေဆိုကြသည့် ပုဂ္ဂိုလ်များအား အသိပေးခြင်း

သုတဓမ္မစာမေးပွဲ BA Part – 3 ကို ဖြေဆိုကြသည့် ပုဂ္ဂိုလ်များအား အသိပေးခြင်း

၁။ သုတဓမ္မစာမေးပွဲ BA Part-3 ဖြေဆိုကြမည့်ပုဂ္ဂိုလ်တိုင်းသည် မိမိတို့ကိုယ်တိုင်ရရှိသည့် ဓမ္မအသိနှင့် ဆက်စပ်သော အတွေ့အမြင်ခံစားချက် (Feedback) စာတမ်းကို တင်သွင်းသည့်ခေါင်းစည်း နှင့်တကွ (A4 (၂) မျက်နှာခန့်၊ (သုံးမျက်နှာထက်မပိုရပါ) ၊ ကြိုတင် ကိုယ်တိုင်ရေးသားပြီး ပြည်ထောင်စုဖောင့် ၁၂ / ၁၃ ဆိုဒ်) ကွန်ပျူတာစာစီ၍ ခုံနံပါတ်ရေးထိုးကာ စာမေးပွဲကြီးကြပ်ရေး တာဝန်ခံပုဂ္ဂိုလ်ထံ အဖြေလွှာနှင့်အတူ အပ်နှံကြရမည်ဖြစ်ပါသည်။

၂။ စာတမ်းရေးသားတင်သွင်းသူများကိုသာ မဟာဝိဇ္ဇာတန်းအတွက် အရည်အချင်းပြည့်မီသူ(qualify) ဟု သတ်မှတ်ပါမည်။

ဘဒ္ဒန္တခေမိဿရာဘိဝံသ
ဒုတိယပါမောက္ခချုပ်(အုပ်ချုပ်)
ပညာဘူမိတက္ကသိုလ်
လှည်းကူးမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး
ဖုန်း- ၀၉-၇၈၆၈၁၈၆၃၄
၁၅/၁၁/၂၀၂၅



Related News