၂၀၂၆-ခုနှစ်
သုတဓမ္မဒီပလိုမာ နှင့် သုတဓမ္မဂဝေသီ ဘွဲ့ အပ်နှင်းပွဲ
တက်ရောက်သူများ သိရှိရန်ကြေညာချက်
———————————————————
(က) ကျင်းပမည့်နေရာ
——————————
ပညာဘူမိတက္ကသိုလ် ၊ဘွဲ့နှင်းသဘင်ခန်းမ။
အမြန်လမ်း (၇) မိုင် ၆-ဖာလုံ၊
လှည်းကူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
(ခ) ကျင်းပမည့်ရက်များ —
————————————
၂၀၂၆-ခုနှစ် ဖေဖေါ်ဝါရီ ၁၂/၁၃ ရက် သုတဓမ္မဒီပလိုမာ ယူမည့်သူများ
၂၀၂၆-ခုနှစ် ဖေဖေါ်ဝါရီ ၁၄/၁၅ ရက် သုတဓမ္မဂဝေသီ ဘွဲ့ ယူမည့်သူများ
(ဂ) ကျင်းပမည့်အချိန်
——————————
မနက်ပိုင်း ဒီပလိုမာ/ဘွဲ့ အပ်နှင်းပွဲကို နံနက် (၈) နာရီ တိတိအချိန် စတင်ပါမည်။
နေ့လည်ပိုင်း ဒီပလိုမာ/ဘွဲ့ အပ်နှင်းပွဲ ကို နေ့လည် (၁:၃၀) တိတိအချိန် စတင်ပါမည်။
(ဃ) ဒီပလိုမာ/ဘွဲ့ လက်မှတ် ယူမည့်သူများ အတွက် ထိုင်ရမည့် ထိုင်ခုံ နံပါတ် (Seat Number) သိရှိနိုင်ရန် ပညာဘူမိတက္ကသိုလ် စင်္ကြန်ကောင်တာ၌ RSVP ပြုလုပ်ချိန်တွင် ရရှိထားသော တိုကင် နံပါတ် (Token Number) ပြော၍ ရယူရပါမည်။
(င) ဘွဲ့နှင်းခန်းမ အတွင်းသို့နံနက်ပိုင်း အတွက် နံနက် (၇:၀၀) နာရီမှစတင်ဝင်ရောက်နေရာယူနိုင်သည်၊
( နံနက်( ၈:၀၀)နာရီမှစ၍ ခန်းမအတွင်းသို့
မည်သူကိုမျှ ဝင်ရောက်ခွင့်မပြုပါ)
နေ့လည်ပိုင်းအတွက် နေ့လည် (၁၂:၃၀) နာရီမှစတင်ဝင်ရောက်နေရာယူနိုင်သည်၊
( နေ့လည် (၁:၃၀)နာရီမှစ၍ ခန်းမအတွင်းသို့မည်သူကိုမျှ ဝင်ရောက်ခွင့်မပြုပါ)
ပညာဘူမိတက္ကသိုလ်
