
ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ တည်ထောင်တော်မူသည့် ပညာဘူမိတက္ကသိုလ် မှ ဆရာကန်တော့ပွဲ များ အားလူအများစုပေါင်း၍ အစုအဖွဲ့ဖြင့် ကျင်းပစေခြင်း၊ အလှူ ငွေ နှင့် ပစ္စည်းများ ကောက်ခံခြင်း၊ စာဖြေဌာနများ နှင့် ဆက်စပ်သည့် အလှူငွေ ကောက်ခံခြင်း များ အား တက္ကသိုလ် နှင့်အနုဂ္ဂဟဌာနမှ ဦးဆောင် ပြုလုပ်ခြင်း လုံးဝ (လုံးဝ) မရှိပါ။
တက္ကသိုလ် ဆရာတော် သံဃာတော် များအား မိမိသဘောဆန္ဒအလျောက် ပူဇော်ကန်တော့လိုပါ က လက်အုပ်ချီမိုး ကန်တော့ ခြင်းကိစ္စကိုဆောင်ရွက်နိုင်ပြီး အစုအဖွဲ့ ဖြင့် လူအများကို ဖိတ်ခေါ်၍ အလှူငွေကောက်ခံခြင်း ဆရာကန်တော့ပွဲများ မပြုလုပ်ပါရန် အသိပေးကြေညာအပ်ပါသည်။
အနုဂ္ဂဟဌာန