University of Wisdom Land

News & Events

၂၀၂၅ ခုနှစ် နိုဝင်ဘာလ အတွက် ပညာဘူမိတက္ကသိုလ်မှ ကြီးမှူးကျင်းပသော သုတဓမ္မစာမေးပွဲ ဒီပလိုမာတန်း Level (1,2,3) နှင့် BA (Part 1, Part 2, Part 3) စာမေးပွဲများကျင်းပမည့် စာဖြေဌာန (၅၀) နှင့် ခုံအမှတ်စာရင်းများ ထုတ်ပြန်ခြင်း

၂၀၂၅ ခုနှစ် နိုဝင်ဘာလ အတွက် ပညာဘူမိတက္ကသိုလ်မှ ကြီးမှူးကျင်းပသော သုတဓမ္မစာမေးပွဲ ဒီပလိုမာတန်း Level (1,2,3) နှင့် BA (Part 1, Part 2, Part 3) စာမေးပွဲများကျင်းပမည့် စာဖြေဌာန (၅၀) နှင့် ခုံအမှတ်စာရင်းများ ထုတ်ပြန်ခြင်း။
ဝင်ခွင့်စာရင်းစစ်ဆေးကြည့်နိုင်ရန် Link ကို နှိပ်ပါ။
https://admission.universitywisdomland.edu.mm/entrance
၁။ ၂၉.၁၁.၂၀၂၅ ရက်နေ့တွင် ဒီပလိုမာ Level (1) နှင့် BA (Part 3) စာမေးပွဲကို နေ့လည် ၁:၀၀ နာရီမှ ၄:၀၀ နာရီ အထိလည်းကောင်း၊
၃၀.၁၁.၂၀၂၅ ရက်နေ့တွင် ဒီပလိုမာ Level (2) , (3) နှင့် BA (Part 1) , (Part 2) စာမေးပွဲများကို
နေ့လည် ၁:၀၀ နာရီမှ ၄:၀၀ နာရီအထိလည်းကောင်း အသီးသီး ကျင်းပပြုလုပ်ပါမည်။
၂။ ဝင်ခွင့်စာရင်းစစ်ဆေးကြည့်နိုင်ရန် Link ကို နှိပ်ပါ။
https://admission.universitywisdomland.edu.mm/entrance
၃။ ရန်ကုန်စာဖြေဌာနများတွင် ဖြေဆိုရမည့်သူများသည် စာမေးပွဲဝင်ခွင့်ကတ် ဒီပလိုမာ Level-1, Level-2, Level-3 နှင့် BA (Part 1, Part 2, Part 3) ကတ်များကို ရန်ကုန်အနုဂ္ဂဟအသင်းရုံးချုပ်တွင် (၁.၁၀.၂၀၂၅) နေ့မှ
(၁၅.၁၀.၂၀၂၅) နေ့အတွင်း ထုတ်ယူရပါမည်။
၄။ တိုင်းနှင့်ပြည်နယ် စာဖြေဌာနများတွင် ဖြေဆိုရမည့်သူများသည် မိမိဖြေဆိုရမည့် စာဖြေဌာနများတွင် ၁၅.၁၁.၂၀၂၅ ရက်နေ့မှစ၍ စာမေးပွဲဖြေမည့်နေ့အထိ စာဖြေကတ်ပြားများကို ထုတ်ယူနိုင်ပါသည်။
၅။ Online မှ လျှောက်ထားသူဖြစ်ခဲ့ပါက စာမေးပွဲဝင်ခွင့်ကတ်ပြား လာရောက်ထုတ်ယူချိန်တွင် 1” x 1.25” size ဓာတ်ပုံ (၁)ပုံ ယူဆောင်လာရန် လိုအပ်ပါကြောင်း အကြောင်းကြားအပ်ပါသည်။
၆။ စာဖြေခွင့်ကတ်ထုတ်ပြီးသော်လည်း (စာမေးပွဲနေရာထိုင်ခင်း တိကျစွာရေတွက်နိုင်ရန်) စာမေးပွဲ မဖြေဆို ဖြစ်ပါက ရန်ကုန်အနုဂ္ဂဟအသင်းရုံးချုပ်သို့ အကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
၇။ ထပ်မံသိရှိလိုသည်များရှိပါက website form https://admission.universitywisdomland.edu.mm/review မှ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
၈။ စာဖြေသူစာရင်းကိုထပ်မံစစ်ဆေးလိုပါလျှင် (သို့) ထပ်မံသိရှိလိုသည်များရှိပါက ရန်ကုန်အနုဂ္ဂဟအသင်းရုံးချုပ် သို့ ဆက်သွယ်နိုင်ပါသည်။
အနုဂ္ဂဟအသင်းရုံးချုပ် အမှတ် (၁၀/ဃ)၊ အင်းလျားရိပ်သာလမ်း၊ (၁၀) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ ရုံးခန်းဖွင့်ချိန် တနင်္လာမှ စနေနေ့အထိ (နံနက် ၁၀ : ၀၀) နာရီမှ (၂ : ၀၀) နာရီအတွင်း ဖုန်းနံပါတ် (09-788955566, 09-885445533) သို့ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း၊ ဖုန်းဆက်၍သော် လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
စာမေးပွဲစီစဉ်ကြီးကြပ်ရေးအဖွဲ့

Related News